Description
112ရေမွှေးဟာဆိုရင်တော့နာမည်ကျော်brandတခုဖြစ်တဲ့pour femme lacosteရေမွှေးကို95%နီးပါးတူအောင်inspiredလုပ်ပေးထားတာဖြစ်ပါတယ်။Lacoste Pour Femme Perfumeလေးဟာ Floral Woody Musk
Fragranceအမျိုးအစားရေမွှေးလေးဖြစ်ပြီး Pour Femmeပါတဲ့အတွက် အမျိုးသမီးသုံးရေမွှေးလေးဖြစ်ပါတယ်။
Lacoste Pour Femmeကို(2003)
ခုနစ်မှာ Oilivier Crespကတီထွင်ထုတ်
လုပ်ခဲ့ပြီး Eau de Parfum(Made in
France)အမျိုးအစားရေမွှေးလေးဖြစ်ပါတယ်ရှင့်🤗🤗🤗
သူ့မှာပါဝင်တဲ့အဓိကMain Notesလေးတွေကတော့ Floral,Powdery,Woody, Fresh Spicy,Leather,Musky,Violet
,Amber,Vanillaတို့ဖြစ်ကြပြီး မင်မင့်ရဲ့
အတွေ့အကြုံအရပြောပြရရင်သူ့ရဲ့အဓိကNotesက နောက်ဆုံးBase NotesကAmber,Woody,Muskyကိုပဲ
အခြေခံပြီးထုတ်ထားတယ်လို့မြင်မိပါတယ်။ဘာလို့လဲဆိုတော့ ကိုယ်တွေမြန်မာမိန်းကလေးတွေတော်တော်များများကြိုက်ကြတဲ့ ရှင်မတောင်သနပ်ခါးသွေးလိမ်းရင်ထွက်လာတဲ့အနံ့မျိုးလေးကို ဒီLacoste Pour Femmeထဲမှာတွေ့နေရလို့ပါ🤗🤗🤗
Top Notesလေးတွေကတော့ Pepper,Freesia&Appleတို့ဖြစ်ကြပြီး
စဆွတ်ဆွတ်ချင်းမှာတင် ဒါကိုယ်တွေနေ့တိုင်းသွေးပြီးလိမ်းနေတဲ့ ရှင်မတောင်
သနပ်ခါးရဲ့အမြစ်တုံးနံ့လေးဆိုတာ တန်းသိတဲ့အနံ့မျိုးလေးပါ။မင်မင်ဆို သနပ်ခါး
အမြစ်တုံးကထွက်တဲ့အနံ့မျိုးကို ရေမွှေး
ထဲမှာလိုက်ရှာနေခဲ့တာကြာပါပြီ။😁ဒီLacoste Pour Femmeလေးကို
စမ်းဆွတ်ကြည့်တော့ အရမ်းကြိုက်လို့နေ့တိုင်းကိုဆွတ်တော့တာပဲ😅😅
Middle Notesလေးတွေကတော့
Heliotrope,Violet,Jasmine,Hibiscus,Roseတို့ဖြစ်ပြီး ဆွတ်ဆွတ်ချင်းမှာရ
ခဲ့တဲ့ Top Notesလေးကိုမှ နည်းနည်းလေး အနံ့ပိုသင်းတဲ့ဘက်ကိုရောက်လာတဲ့အချိန်ပေါ့🤗🤗🤗
နောက်ဆုံးBase Notesလေးတွေကတော့ Suede,Sandalwood,Incense,
Cedar,Labdanumတို့ဖြစ်ကြပြီး
မှန်းရလွယ်အောင်ပြောရရင် Top Notesမှာရခဲ့တဲ့ သနပ်ခါးအမြစ်တုံးနံ့လေးကို Middle Notesမှာသင်းတဲ့အနေအထားမျိုးလေးနဲ့ခံစားရမှာဖြစ်ပြီး ဒီBase Notesမှာတော့ Woody, Amber,Sandalwoodတို့ရဲ့ပေါင်းစပ်မှုကြောင့် အနံ့လေးကသင်းပြီးငြိမ်တဲ့ဘက်လေးကိုပါ ရရှိခံစားလာရမှာဖြစ်ပါတယ်။
Reviews
There are no reviews yet.